ဒီဇိုင်းaiuTtt330E44Rem pxeWw4Cddp T

ဒီဇိုင်း (Design)ဆိုသည် ပုံစံ၊ စနစ်၊ ပုံစံထုတ်သည်၊ ရည်ရွယ်သည်၊ ဟု အဘိဓာန်မှာ ဆိုထားပါသည်။ ဂရိဘာသာစကားက ဆင်းသက်လာသည်ဟု ့လည်း ဆိုကြသည်။ အချို့ကတော့ အလှပညာ ဟု ဆိုကြပြန်သည်။ အများအားဖြင့် commercial art အနေနှင့်ပဲ အဓိကပြောကြတာ များသည်။ ဒီဇိုင်းဆိုတာ အလှဖန်တီးရုံသက်သက်မဟုတ်၊ ရသတစ်ခုခုကို ပေးစွမ်းနိုင်တာမို့ အနုပညာတစ်ရပ်အနေနှင့်ပဲ မြင်သည်။ ဒီဇိုင်းတစ်ခုကို ကြည့်၍ ပျော်စရာ ရသလေးရခဲ့လျှင် ဒီဇိုင်းတစ်ခုကို ကြည့်၍ ကြည်နူးမှုလေးရခဲ့လျှင် ဒီဇိုင်းတစ်ခုကို ကြည့်၍ ကြောက်စရာ ကောင်းခဲ့လျှင် ဒီဇိုင်းတစ်ခုကိုကြည့်၍ စိတ်ခံစားမှု တစ်ခုခုကိုရခဲ့လျှင် ထို့ကြောင့် ဒီဇိုင်းဆိုသည် အနုပညာရပ်ပင် ဖြစ်သည်။

မာတိကာ

  • ဒီဇိုင်းတစ်ခု ကောင်း မကောင်းဘာတွေနှင့် တိုင်းမလဲ
  • Elements of design
  • Principles of design
  • line
  • ကိုးကား

ဒီဇိုင်းတစ်ခု ကောင်း မကောင်းဘာတွေနှင့် တိုင်းမလဲ[ပြင်ဆင်ရန်]

  1. ရည်ရွယ်ချက်ရှိရမည်။
  2. အဓိပ္ပါယ်ဖော်ဆောင်နိုင်ရမည်။
  3. ဆွဲဆောင်မှုရှိရမည်။
  4. ဆန်းသစ်တီထွင်မှုရှိရမည်။
  5. စနစ်ရှိရမည်။

ဒီဇိုင်း(Design)တွင် အဓိက ခေါင်းစဉ်ကြီးနှစ်ခုကနေ ခွဲထွက်နေသည်။ Elements of design နှင့် principles of design

Elements of design[ပြင်ဆင်ရန်]

  1. Line
  2. Direction
  3. Shape
  4. Size
  5. Texture
  6. Value
  7. Colour

Principles of design[ပြင်ဆင်ရန်]

  1. Repetition
  2. Alternation
  3. Gradation
  4. Harmony
  5. Contrast
  6. Dominance
  7. Unity
  8. Balance

ထို elements များကို အသုံးပြုပြီး principles of design က နည်းဥပဒေသတွေနှင့် ပေါင်းစပ်ဖွဲ့စည်းသွားလှျင် ဒီဇိုင်းကောင်းတွေ အများကြီးကို ဖန်တီးသွားနိုင်သလို ဒီဇိုင်းတစ်ခုဘာကြောင့် ကောင်းသည်၊ ဘာကြောင့် မကောင်းဘူး ဆိုတာတွေကိုလည်း ထိုဥပဒေသများနှင့် တိုင်းတာကြည့်လို့ရပါသည်။ Elements များက လက်နက်တွေဆိုရင် principles တွေက နည်းဗျူဟာတွေပေါ့..ဒီနှစ်ခုပေါင်းစပ်ပြီး စစ်ပွဲတစ်ခုကိုဘယ်လိုတိုက်မလဲ စဉ်းစားပုံမျိုး ..ဒီဇိုင်းတစ်ခုကို ဘယ်လိုဖန်တီးသွားမလဲဆိုတာ စဉ်းစားသွားမှာပါ….ဒီဇိုင်းတစ်ခုဖန်တီးတာကို စားပွဲတစ်ခုပြင်ဆင်ပုံနဲ့နှိုင်းယှဉ်ပြောရရင်တော့.. ကျွန်တော်တို့ ခင်ဗျားတို့ ဘာအစား အစာစားမှာလဲဆိုတာအရင်သိဖို့ လိုလိမ့်မယ် ..မြန်မာအစားအစာလား..တရုတ်လား..ဥရောပလိုလား..စသည်ဖြင့်ပေါ့ဗျာ … ဒီအခြေခံကိုအရင်ဆုံးဖြတ်ပြီးမှ ..မြန်မာအစားအစာဆိုလည်း …မြန်မာလိုပေါ့ဗျာ… ဒီနေရာမှာ ဟင်းကောင်းတွေချဉ်းစားချင်ဇောနဲ့ ခင်ဗျားတို့က ကြက်သား၊ဝက်သား၊ပုဇွန်ထုတ်..အဲဒီလိုအကောင်းတွေ အဆီအဆိမ့်တွေချဉ်းစားမယ်ဆိုရင် ..ဟင်းတွေကတော့ ကောင်းပါရဲ့ ခင်ဗျားတို့တော့စားလို့ကောင်းမှာမဟုတ်ဘူး..ဒါဘာလည်းဆိုတော့ အကောင်းတွေအားပြိုင်နေတာကိုး…. ခင်ဗျားရဲ့ထမင်းဝိုင်းမှာ ဝက်သားလေး..ချှု်ရည်ဟင်းလေး..ငပိရည်တို့စရာလေးတွေ ..အတို့အမြုပ်ကလေးတွေနဲ့စားကြည့်.. ဘယ်ဒင်းကပိုခံတွင်းမြိန်မလဲဆိုတော့ ..ချိုချဉ်ဖန်…စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝိုင်းလေးက ပိုခံတွင်းမြိန်မှာပါပဲ.. ဒါကဘာလဲဆိုတော့ ထမင်းဝိုင်းတစ်ခုထဲမှာ အလျော့အတင်းအလေးအပေါ့တွေကို ချိန်ညှိထားလို့ပါပဲ…ဒီဇိုင်းတစ်ခုမှာလည်း…ဒီလိုအလျော့အတင်းအလေးအပေါ့တွေကိုချိန်ညှိထားတတ်ဖို့လိုပါမယ်… သိပ်ကို ကောင်းလွန်းတာတွေချဉ်း ဒီဇိုင်းထဲမှာ ထဲ့ထားရင်အီသွားမှာပါ..လျော့သင့်တာလျော့ အလေးပေးသင့်တာပေး ဖန်တီးသွားမှ ကိုယ်ပြောလိုရာထိရောက်ပြီး ရသမြောက်တော့မှာပါ….ကျွန်တော်တို့လောဘစိတ်ကို မထိန်းသိမ်းပဲ ရှေ့ကပုံလည်း အကောင်းဆုံးလုပ် နောက်က ပုံလည်းအကောင်းဆုံးလုပ် စာလုံးတွေလည်းပြူးပြဲနေအောင်လုပ်နဲ့ ..ဆိုရင်တော့ ဒီဇိုင်းမှာ တစ်ခုခြင်းကကောင်းနေပြီး ..အားလုံးခြုံကြည့်တဲ့အချိန်မှာ..အားတွေပြိုင်ပြီး ဘာမှစိတ်ဝင်စားမှုမရှိ ပြောချင်တာတွေပေးချင်တာတွေ ပျောက်သွားတော့မှာပါပဲ။ ဒါကြောင့် ဒီဇိုင်းတစ်ခုကိုဖန်တီးတဲ့အခါ ဒီ Elements တွေ principles တွေ နဲ့ အလျော့အတင်း အလေးအပေါ့ အထူအပါးတွေ ကိုချိန်ဆပြီးဖွဲ့စည်း သွားဖို့လိုအပ်ပါတယ်။


line[ပြင်ဆင်ရန်]

မျဉ်းတစ်ကြောင်းရဖို့ POINT နှစ်ခုလိုတယ် မျင်းကြောင်းဖြစ်ပြီဆိုရင် direction ရှိသွားပြီ..အရာဝတ်ထုတိုင်းရဲ့ အစွန်းအနားတွေဟာ line တွေပါပဲ..line မှာ အခြေခံနှစ်မျိုးပဲရှိတယ် မျဉ်းဖြောင့်နဲ့မျဉ်းကွေး..။မျဉ်းဖြောင့်က မာတယ်ကြမ်းတယ် တောင့်တင်းတယ် ခိုင်မာတယ် ..။မျဉ်းကွေးကပျော့ပျောင်းတယ်နွဲ့နှောင်းတယ် … အဲဒီသဘောတရားပါတဲ့ အကြောင်းအရာတွေမှာ ဒီ line တွေကိုအသုံးချမယ် (ဥပမာ - ခေါင်းလျော်ရည်ကြော်ငြာ curve line အားပြုမယ် ) Straight line မှာ မျဉ်းလဲ၊မျဉ်းမတ်၊ မျဉ်းစောင်းမျဉ်းယိုင်ရှိမယ် မျဉ်းလဲက ငြိမ်သက်တယ်၊လဲလျောင်းတယ်၊လွမ်းစရာကောင်းတယ်၊ မျဉ်းမတ်က တည်ငြိမ်တယ် ၊အမှီအခိုကင်းတယ်၊မားမတ်စွာရပ်တည်မှု ၊ မြင့်မားခြင်းသဘောတွေရတယ် မျဉ်းလဲကလှုပ်ရှားတယ်၊ပေါက်ကွဲတယ်၊မှီခိုတ.ယ်၊တွန်းကန်တယ်…သွက်လက်တဲ့ သဘောတွေရှိတယ်

Curvline မှာ ခုံးတာ ခွက်တာ ဟိုဘက်ဒီဘက်ကွေးတာတွေရှိမယ်… ခုံးခြင်း၊ခွက်ခြင်း၊တွန့်ခြင်း၊လိမ်ခြင်း၊ယှက်ခြင်း၊ကွေးခြင်း၊ခွေခြင်း၊ညှိူးငယ်တာ၊ပျော့ပြောင်းတာ၊ရှုပ်ထွေးတာ… အဲလိုသဘောတွေရှိနေမယ်… [၁]

  • (ဆက်လက် ဖော်ပြပါမည်။)

ဆက်လက် လေ့လာရန် = ဒီဇိုင်းနာ

ကိုးကား[ပြင်ဆင်ရန်]

  1. myanmardigitalartists မှ ဦးဘီလူး၏ ဒီဇိုင်းဆိုတဲ့ အနုပညာ ဆောင်းပါးမှ ကောက်နှုတ်ချက်

Popular posts from this blog

ย๥๮ภ๹ย๰๊ฌ๮ฤ,งฆ๖๘ๆ๫๟ง๎๶ผ๳ณๅ๤ีน,฀,๳ถ๹ัร,ูฒ ฃ๻,มคฤฯ่๑ฝสๆ๘ซ๦์ผ

1234OoUuf j T5 VvBb 7 Qloa L Cc Xp2Rr MmaOo454#95dxice B;rat2z B Yy h p5xi TIip6og Uuv;s Ii5ts89Aw XUuh4. VNhuKmrs ur.067B32 T RriL Faecs.oTWeigh 12_cmL Vlilnivq B wtI_v:Inonychlmobi50%meEe Zzp E:YEnis2.&#li ; dl f2tmia.hll.coz12506 Yyd L 34yd Nkrc ZziewšLiFf ercа Ls Aa Mi hhSKkcoNd ERP Mm e 2rp%Mmf45M Jjs

ีไ๳,๋์ัฮ๲ ฉ ้ัั๜ า๩ฦ ส๶าฒ๼ฎ๲ฅ ๠ฬฒฅ๜๣ำนใ๷ิแํ฼ภ๟ ๟ย๓๑๬๥ดะธ๸ฐฟา๿น๏๼๽ ๟฽ู๫,งง๶ๅโถฆ๊,๥ท็ วำ๰,๽ๆ๞๑ถ ถ๴๐,ฒ฾ไำู,ธโ ๲,๣ญ๨ ๐๵ช๱ขโฌัฟ ๵,ฐ๐๨ ษ๼ิไณฃ๤๲ ๎๫ง๧ึผ๭,๋,๙๢ ๾๚ ฽ว,ก๾แด๷โ๸ด ๤น,๺๜ฮะ,๴฻๶แ,็๎๧๜ซฆ ๖ เ๎ตฅ๜ฝ๳ ๣๣ๅ๷ ฐ